အချစ်နဲ့ လူ တစ်ယောက်ရဲ့ အကြောင်း

Category: , By Naruto

ပြောင်းလဲမှုကို မြတ်နိုးတဲ့ “ကောင်” တဲ့ ……။

ဆူးတစ်ချောင်းက နွယ်ဖြစ်ချိန်

နှိုးစက် နာရီက ချောက်ချက်မြည်မှ

အိပ်ယာဝင်ဖို့ ပြင်ဆင်ရ။



ပြောင်းလဲမှုကို မြတ်နိုးတဲ့ “ကောင်” တဲ့ ……။

မြစ်တစ်စင်းက မျက်ရည်ခမ်းချိန်

အားလုံး အိမ်ကို ပြန်လာချိန်မှ

အိမ်မက်တွေကို နှင်ထုတ်ပြီး

ပြန့်ကျဲနေတဲ့ သံစဉ်တွေကို လိုက်ကောက်နေရ။



ပြောင်းလဲမှုကို မြတ်နိုးတဲ့ “ကောင်” တဲ့ …..။

ရာစု အဟောင်းက လူမသိ သူမသိ

တမ်းတမှုတွေနဲ့ အသားကျပြီး

ရင်ထဲက ဆူးကို စိုက်ပျိုးဖို့

ပုစ္ဆာဟောင်း တစ်ပုဒ်ကို တွက်ရင်း

ပုံသေနည်းတကျ “အချစ်” သစ်ပင် စိုက်ဖို့ကြိုးစားရင်း

ရေလောင်း ပေါင်းသင်နေရတယ်။
 

ခပ်ရင့်ရငိ့အတွေးသံစဉ်များ

By Parramie
 

ah-pauk: ငါ....သတိရပါတယ်..

By Parramie
 

လက်ခုပ်နဲ့ ပြည့်တဲ့မိုး

Category: By ~ED~











မင်း ရဲ့  အသံ နေရာအနှံ့
ပဲ့တင်သံထပ် နေသလို
ငါ့နောက်လိုက်နေပြန်ပြီ။

တွေးရင်း ကြွေကျ မျက်ဝန်းတစ်စုံမှ
မှုံဝါးဝါး မှန်တစ်ချပ် ဘောင်ခတ်ခြင်းမပါဘဲ
မြင်လိုက်ရပြန်ပြီ။

တ၀ဲဝဲလည်နေတဲ့ မင်း ပုံရိပ်က
ရိုးအီနေပြီဖြစ်တဲ့ နာကျင်မှုကို
အကန့်အသတ်မရှိ တူးဆွနေပြန်ပြီ။

မိုးဒေ၀ါကလည်း လျှို့ ဝှက်ဆန်းကြယ်စွာ
ငါ့ညတွေကို ပိန်းပိတ်အောင် အရောင်ခြယ်နေပြန်ပြီ။

သိမ်ငယ်စွာနဲ့ အရုဏ်ကို ဖိတ်ခေါ် ပြန်လည်း
အပြာရောင်အလင်းတောင် မထွန်းနိုင်တဲ့
ပိုးစုန်းကြူးဘ၀ ငါ... ဖြစ်ရပြန်ပြီ။

အညှိတက် ကြေးဝါဖန်တံခါးရွက်က
မစဲတဲ့မိုးနဲ့အပြိုင် လှောင်ပြောင်နေသလို
သံစုံတီးဝိုင်း ဖန်တီးနေပြန်ပါပြီ။

ယိုင်နဲ့နဲ့ ငါလည်း အားကျမခံ ရုန်းထ
ရင်ဘတ်က ဆွဲထုတ်လိုက်တဲ့အခါ
လက်ခုပ်နဲ့အပြည့်ပါလာတဲ့ မိုးစက်တွေ
ရော့ .....အချစ်.... ဒါ....
မင်းဖန်ဆင်းပေးထားတာလေ။

source & idea : flickr, bravejournal
 

Blog Day 2008

Category: By Pinkgold
စကားချီး

ဘလော့ဂါဆိုတာ
ဗလာဂေါ်မဟုတ်
စာဖော်သရုပ်နဲ့
မြန်မာရုပ်ကို
အဟုတ်မည်စေ
ဝဿုန်မြေ။

----

ငါတို့ငယ်ငယ် ကလေးအရွယ်က
ဝလုံးတွေဝိုင်း စာသင်ခိုင်းပြီး
ကျောက်သင်ပုန်းထက် သင်အံကျက်ခဲ့ကြတယ်။
စာပေတန်ဖိုး လူ့တန်ဖိုးကို
လေ့လာရင့်ကျက် တို့ဘလော့ဂါတွေရဲ့ လက်တွေ..

တွဲဆက်မြဲမြံ
တိုင်းပြည်ကျိုးပြု လူထုအတွက်
သယ်ပိုးရွက်စို့ ခက်လို့နေသလား
အပျော်စကားတွေနဲ့
ဖော်များသဟာဆွေအပေါင်း
စကားတွေဖောင်ဖွဲ့
ယောင်ယဲ့လို့ မနေကြပဲ
(ပို့စ်တွေလည်းတင်ယင်း)
အမျိုးမျိုးခင်းကျင်းလို့
အပေါင်းအသင်းတို့ရေ......
တို့တိုင်းပြည် ကောင်းစားအောင်လို့
ဘလော့ဂါတို့ရဲ့ လက်တွေနဲ့ပို့။

ရှေ့တစ်လှမ်းတိုးဖို့
နောက်ကို တစ်ခဏ
လှည့်ကြည့်မိတဲ့အခါ
မနှစ်က ဒီလိုအချိန်ကို ငါပြန်မြင်မိ...။
ငါ့ဘေး၊ ငါ့အနားမှာ
ငါ့လက်တွဲဖေါ်တွေ အနည်းစုရယ်လေ...။

ခုတော့ဝေဆာ
တို့မြန်မာ ဘလော့ဂါများ
ပေါင်းဆုံရာ MBSနဲ့
တစ်နှစ်ကို ရှေ့ဆက်
သွေးမပျက်ခဲ့ ငါတို့တွေ...။

သွေးမပျက်ဆို
နေ့ညမရွေး ငါတို့တွေအချိန်ပေး
ရေးသားခဲ့တဲ့ ပို့စ်တွေ
အလေးထားရတဲ့ ကွန်မန့်တွေ
တစ်ယောက်က တစ်ယောက်ကိုအားပေး
လူချင်းမနီးပေးမယ့် နှလုံးသားချင်း နီးနေခဲ့ကြတယ်။
ခံစားမှုတွေမတူညီ ယုံကြည်ချက်တွေကွဲပြား
အယူအဆတွေကွာခြား အရောင်တွေများနေပေမယ့်
တို့တွေ တစ်ညီတစ်ညွတ်တည်း
လက်ခံယုံကြည်ထားကြတာက
ငါတို့ဟာ Blogger များ ဖြစ်တယ်။
အားလုံးအတူတူ ပေါင်းစုရင်း
အလွှာမခွဲခြား
ညီညာစွာ စိတ်ကိုထား၍
လက်တွဲ မဖြုတ်စတမ်း
ပျှော်ရွှင်စွာ ဘလော့ကြတယ်။

ဖြစ်တည်လာခဲ့
ငါတို့ဘလော့အဖွဲ့
အောင်မြင်မှုကို ရှေးရှုရင်းနဲ့
ပညာ သုတ ရသ စုံစွာ
အခက်အခဲများကို စုပေါင်းဖြေရှင်း
တတ်နိုင်သမျှ ပေးစွမ်းရင်းနဲ့
ဆက်လက်ချီတက်သွားကြမယ်.....

နှောင်တွယ် သွေးချင်း
တို့ အမျိုးရင်းတွေ..
ရင်းနှီးချစ်ခင်
တိုင်ပင်နှီးနှော
မေးမြန်းပြောဆို
ဘလော့ဒေး မှသည်
အဓွန့်ရှည်တည်
လက်တွဲသွားမည်.....MBS ဆီ...........။

MBS
မြန်ပြည်တစ်လွှား
ပြိုင်စံရှားစေ
ခက်ခဲကျော်လွှား
ဘလော့ဂါများသည်
ကြိုက်သလိုစမ်း
ကျော်ဖြတ်သန်းကာ
ဘလော့ခဲ့ကြ
Second ဆီမီနာတိုင်ခဲ့ပြီ။
ပေါင်းဆွေသဟာ
ကျောင်းဒကာတို့
သေဖော်ညှိလည်း
ပျော်ရွှင်ရယ်မော
ဆက်ဘလော့မည်။

စားလဲဒီစိတ် နားလဲဒီစိတ်
အတွေးတို့ အထွဋ်အထိပ်နဲ့
ငါတို့ ရင်ဘတ်တွေနဲ့ဘလော့တယ်။

တခါတလေ တွေးရင်းဘလော့
ကဗျာတွေ ရေးရင်းဘလော့
ဖတ်တဲ့သူမရှိလဲ ဆက်ဘလော့
ဒိုင်ယာရီသဘောမျိုး ငါ့ဘလော့
ခေါင်းမော့ရင်ကော့ (ငါတို့တွေ) ဆက်ဘလော့မယ်။

တစ်ချို့က..အချစ်အတွက် ဘလော့
တစ်ချို့က.. အပြစ်ဖွဲ့ဖို့ ဘလော့
တစ်ချို့က..၀ါသနာအတွက် ဘလော့
တစ်ချို့က..ပညာအတွက် ဘလော့
တစ်ချို့က..ယုံကြည်ချက်အတွက် ဘလော့
တစ်ချို့က..ရင့်ကျက်မှုတွေနဲ့ ဘလော့
ငါတို့တွေ…
လက်ချင်းမြဲမြဲ ဆက်ထားမယ်။

တို့တွေ ဆုံတွေ့ရာ
အွန်လိုင်းပေါ်မှာ...
တစ်ယောက်နဲ့တစ်ယောက်
ဗဟုသုတဖလှယ်ရာ
ဘလော့ပေါ်မှာ...

ဘလောဂ့်ရင်းနဲ့ ချစ်ခင်တွယ်
သံယောဇဉ်နှောင်ကြိုး ထပ်ထပ်တိုးလို့
Network တစ်ခုကိုဖက်တွယ်
Global ခေတ်ကို အမှီပြုရင်း
စည်းလုံးစွာ ဘလောဂ့်ကြမယ်
ဇွဲမလျှော့နဲ့ သူငယ်ချင်းတို့။

ရဲရင့်ပါ၏။
ပြတ်သားပါ၏။
နူးညံ့ပါ၏။
မာကျောပါ၏။
သွေးစက်အားလုံး
နီရဲပါ၏။
သွေးကြောများစွာ
စီးဆင်းပါ၏။
ဆုံဆည်းပါသည်။
ပျော်ခြင်းရွှင်ခြင်း
ငိုခြင်းရီခြင်း
ဖလှယ်ကြသည်။

ရင်ဘတ်ကိုဖောက်ချ.....
တစ်စစနဲ့....နစ်ဝင်ခဲ့ရ...
ဒီ ဘလော့လောက....
အမှတ်တရတွေ များလှသည်။

သွေးချင်းရယ်မို့
တူတူခံစား
တူတူကျော်လွှား
နေ့ရက်များကို
ကဗျာလေးနဲ့
လာအတူတူ
သွားစို့လားကွယ်။

ဘလော့ဂါ ဘာလဲ ဘယ်လဲ။
အတွေးနယ်ချဲ့
ရေးမယ်ကွဲ့ လို့အားတင်း
အချင်းချင်းအမြင်မတူ
အမြင်မတူတော့ ခေါင်းစဉ်ကွဲ
မတူတဲ့အမြင်
မထပ်တဲ့အရေး
အမျိုးမျိုးသော အတွေးတွေကို ပေါင်းစုလိုက်တော့
ရောင်မျိုးစုံတဲ့သက်တံ့ကြီးပါတကား။
တွေးမြဲတွေးပါ...
ရေးမြဲရေးပါ...
တို့ .. တွေက ဘလော့ဂါတွေပဲ
ရောင်စုံလို့အသွင်ကွဲ
လွဲသွားတော့ဘာဖြစ်လဲ
ဘလော့ဂါ .. ဒီမြစ်တစ်စင်း
စီးဆင်းရင်းနဲ့။

-----

ဘလော့တခုပိုင်ရုံနဲ့ ဘလော့ဂါလို့ ပြောချင်လဲ ပြောပေါ့...
မခေါ်ချင်လဲ ရပါတယ်...
အနုပညာဆိုတာ ဖန်တီးသူရဲ့ နှလုံးသွေးစုတ်ချက် .....
ကောင်းခြင်း၊ ဆိုးခြင်းဆိုတာ ဖန်တီးသူရဲ့ အလုပ်မဟုတ်ဘူး...
ကျွန်တော့်တို့ စုတ်ချက်တွေ ၀ိဥာဉ်ရှိသ၍ ခြယ်မှုန်းနေကြအုံးမှာပါပဲ....
စကားလုံးပန်းချီတွေ ဟောဒီ့ရှေ့မှာ သွန်မှောက်ချပြနေအုံးမှာပါပဲ...
တခါတရံ ကာရံညီချင်ညီမယ်...၊ တခါတရံ သံစဉ်မဲ့နေမယ်..
တခါတရံလဲ ထော်လော်ကန့်လန့် ဖြစ်ချင်ဖြစ်နေမယ်....
အားပေးသူရှိချင်ရှိမယ်....၊ ရှိချင်မှလဲ ရှိမယ်.....
ဟုတ်ကဲ့ ကျွန်တော် ဘလော့တခု ပိုင်ဆိုင်ပါတယ်....
ဒါပေမယ့် ဘလော့ဂါ ဖြစ်ချင်မှ ဖြစ်မယ်.....
ဟုတ်ကဲ့......

ကျွန်တော့် မှာ ဘလော့တခုပိုင်ဆိုင်ပါတယ်။
----
(၂၀၀၈ခုနှစ် MBS Seminar အတွက် ဘလော့ဂါအများ ပေါင်းစပ်ရေးသားသည်။)
 

Memorable Bagan

Category: , By Pinkgold
Breath-Taking photo shots of Bagan.

Photobucket

Photobucket

Photobucket

Photobucket

Photobucket

Photobucket
 

ပေးဆပ်ခဲ့ရခြင်း

By Naruto