လက်ခုပ်နဲ့ ပြည့်တဲ့မိုး

Category: By ~ED~











မင်း ရဲ့  အသံ နေရာအနှံ့
ပဲ့တင်သံထပ် နေသလို
ငါ့နောက်လိုက်နေပြန်ပြီ။

တွေးရင်း ကြွေကျ မျက်ဝန်းတစ်စုံမှ
မှုံဝါးဝါး မှန်တစ်ချပ် ဘောင်ခတ်ခြင်းမပါဘဲ
မြင်လိုက်ရပြန်ပြီ။

တ၀ဲဝဲလည်နေတဲ့ မင်း ပုံရိပ်က
ရိုးအီနေပြီဖြစ်တဲ့ နာကျင်မှုကို
အကန့်အသတ်မရှိ တူးဆွနေပြန်ပြီ။

မိုးဒေ၀ါကလည်း လျှို့ ဝှက်ဆန်းကြယ်စွာ
ငါ့ညတွေကို ပိန်းပိတ်အောင် အရောင်ခြယ်နေပြန်ပြီ။

သိမ်ငယ်စွာနဲ့ အရုဏ်ကို ဖိတ်ခေါ် ပြန်လည်း
အပြာရောင်အလင်းတောင် မထွန်းနိုင်တဲ့
ပိုးစုန်းကြူးဘ၀ ငါ... ဖြစ်ရပြန်ပြီ။

အညှိတက် ကြေးဝါဖန်တံခါးရွက်က
မစဲတဲ့မိုးနဲ့အပြိုင် လှောင်ပြောင်နေသလို
သံစုံတီးဝိုင်း ဖန်တီးနေပြန်ပါပြီ။

ယိုင်နဲ့နဲ့ ငါလည်း အားကျမခံ ရုန်းထ
ရင်ဘတ်က ဆွဲထုတ်လိုက်တဲ့အခါ
လက်ခုပ်နဲ့အပြည့်ပါလာတဲ့ မိုးစက်တွေ
ရော့ .....အချစ်.... ဒါ....
မင်းဖန်ဆင်းပေးထားတာလေ။

source & idea : flickr, bravejournal
 

0 comments so far.

Something to say?