အချစ်နဲ့ လူ တစ်ယောက်ရဲ့ အကြောင်း

ပြောင်းလဲမှုကို မြတ်နိုးတဲ့ “ကောင်” တဲ့ ……။
ဆူးတစ်ချောင်းက နွယ်ဖြစ်ချိန်
နှိုးစက် နာရီက ချောက်ချက်မြည်မှ
အိပ်ယာဝင်ဖို့ ပြင်ဆင်ရ။
ပြောင်းလဲမှုကို မြတ်နိုးတဲ့ “ကောင်” တဲ့ ……။
မြစ်တစ်စင်းက မျက်ရည်ခမ်းချိန်
အားလုံး အိမ်ကို ပြန်လာချိန်မှ
အိမ်မက်တွေကို နှင်ထုတ်ပြီး
ပြန့်ကျဲနေတဲ့ သံစဉ်တွေကို လိုက်ကောက်နေရ။
ပြောင်းလဲမှုကို မြတ်နိုးတဲ့ “ကောင်” တဲ့ …..။
ရာစု အဟောင်းက လူမသိ သူမသိ
တမ်းတမှုတွေနဲ့ အသားကျပြီး
ရင်ထဲက ဆူးကို စိုက်ပျိုးဖို့
ပုစ္ဆာဟောင်း တစ်ပုဒ်ကို တွက်ရင်း
ပုံသေနည်းတကျ “အချစ်” သစ်ပင် စိုက်ဖို့ကြိုးစားရင်း
ရေလောင်း ပေါင်းသင်နေရတယ်။